Tuesday, March 18, 2014

MTK တွေရဲ့ Firmware တွေကို Backup လုပ်ပေးမယ့် MTK 6573 Backup Tools


 
ဒီတစ်ခါတော့ MTK6573 China Android Phone တွေကို Firmware ထုတ်တဲ့ Tools လေး မျှဝေပေးချင်ပါတယ်။ အောက်က လင့်မှာ ဒေါင်းလိုက်ပါ။ ဒေါင်းလို့ရလာတဲ့ Rar ဖိုင်လေးကို ဖြည်လိုက်ပါ။ Gscript နဲ့ Install folder နှစ်ခု တွေ့ပါမယ်။ တစ်ခုတော့ရှိပါတယ်။ Firmware ထုတ်ချင်တဲ့ ဖုန်းမှာ Root Access ရပြီးဖြစ်နေရပါမယ်။ Root မဖြစ်ရင်တော့ Firmware ထုတ်လို့ မရပါဘူး။ SD Card အနိမ့်ဆုံး 512MB လိုအပ်ပါတယ်။ ကောင်းတာကတော့ 2GB ဆိုရင် ပိုကောင်းပါတယ်။ Free space 512MB လောက်ရှိရင်လည်း ရပါတယ်။ SD Card ထဲကို GScript နဲ့ Install Folder ၂ခုလုံး copy ကူးထည့်ပါ။ ပြီးရင်တော့ Phone မှာပါတဲ့ File Manager ကနေ GScriptLite.apk ဖိုင်လေးကို Install လုပ်ပါ။ ပြီးသွားရင် Apps တွေထဲမှာ GScript လေးရောက်သွားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။ ဖွင့်လိုက်ပြီး Menu ကို ခေါ်ပါ။ အဲဒီထဲမှာပါတဲ့ Add ကို ရွေးပါ။ Script ဖိုင်ကို ရွေးပေးဖို့အတွက် Load ကို ထပ်နှိပ်ပါ။ back23.sh ကို ရွေးလိုက်ပါ။ Super User Request တောင်းရင် Allow or Grant ပေးလိုက်ပါ။ ဒါဆိုရင် Gscript ထဲမှာ Back23 ဆိုပြီး Script ဖိုင်လေး တစ်ခု ထပ်တိုးလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Back23 လေးကို Run ပေးလိုက်ပါ။ သူ့ဘာသာသူပဲ SD Card အောက်ထဲက Back_ Folder အောက်ထဲမှာ သွားပြီး Save ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ MTK6573 အတွက်ကို Firmware ရသွားပြီပေါ့ခင်ဗျာ။
                                             Download Here !

No comments:

Post a Comment